Since 1987

Public Relation

မြန်မာနှစ်သစ်ကူး အကြို စတုတ္ထအကြိမ် စုပေါင်းသွေးလှူ ဒါန်းပွဲ ကျ င်းပခဲ့ခြင်း  

သွေးလှူ ဒါန်းခြင်းသည် အသက်ကယ်ခြင်းဖြစ်သည်ဟု ယူဆချက်နှင့်အတူ ဇီဝိတဒါနသွေးလှူ ဒါန်းခြင်း ကို NAING FAMILY CHERRY OO Company Limited မှ ၀န်ထမ်း ၅၀ ဦးသည် ဧပြီလ ၅ ရက်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး ၊အမျိုးသားသွေးဌာနသို့ လာရောက်သွေးလှူ ဒါန်းကြောင်းသိရသည်။NAING FAMILY CHERRY OO Company Limited မှ ယခုကဲ့သို့ သွေးလှူ ဒါန်းခြင်းမှာ  NAING FAMILY CHERRY OO အတွင်းရှိဝန်ထမ်းများ၏ (စတုတ္ထ) အကြိမ်မြောက် စုပေါင်းသွေးလှူ ဒါန်းပွဲဖြစ်ကြောင်း၊ ကုမ္ပဏီ၏ Philanthropic Responsibily အပိုင်း အနေအဖြင့် ၀န်ထမ်းများမှ  Blood donation များကို တစ်နှစ် (နှစ်ကြိမ်) နှင့် အခြား Community လိုအပ်ချက်များကို NAING FAMILY CHERRY OO  Company အနေဖြင့် လှူ ဒါန်းသွားရန် စီစဉ်ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါသည်။ မြန်မာ့နှစ်သစ် အကြို ၀န်ထမ်းများ သွေးလှူ ဒါန်းခြင်း တွင် NAING FAMILY CHERRY OO  Company အတွင်းရှိ ၀န်ထမ်းပေါင်း စုစုပေါင်း ၅၀ ဦးပါဝင်၍ သွေးလှူ ဒါန်းဒါနပြုခဲ့ ကြပါသည်။သွေးလှူဒါန်းသူများအတွက် ကြို၊ ပို့အစီအစဉ်၊ နေ့လည်စာအဖြစ် ပေါင်မုန့်များ၊ Brand ဌက်သိုက်အားဖြည့်ဘူးများ၊ကြက်ဥများ ၊ CownHead နွားနို့ဘူးများအား လက်ဆောင်ပေးခြင်းနှင့် အမှတ်တရ တီရှပ်များကို လက်ဆောင်ပေးအပ်ခဲ့ကြောင်း၊ အမျိုးသားသွေးဌာနကလည်း အားဆေးတစ်လစာနှင့် အဟာရကြက်ဥကျွေးခြင်းနှင့် နွားနို့တိုက်ခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြပါသည်။